iOS Device တွေသုံးတော့မယ်ဆိုရင်တော့ Apple ID Account ကိုယ်ပိုင် ရှိမှ အဆင်ပြေမှာပါ ဒါမှ App Store မှာ App တွေdownload လုပ်လို့ရမှာပါ။ အခြားသော iCloud Data Storage Service, icloud mail service,Find my iPhone, iTunes U , Game Center ,..etc. တို့ကလဲ Apple ID ရှိမှအသုံးပြုလို့ရမှာပါ
Free Apple ID လေးကိုလုပ်ကြည့်ကြမယ်
Apple ID လုပ်ဖို့ Email နှစ်ခုလိုပါမယ်
တစ်ခုက Main Apple ID အတွက် နောက်တစ်ခုက Account ကို Recovery လုပ်ဖို့ Email ပါ
-အရင်ဆုံး PC မှာ iTunes ကိုဖွင့်ပါ။ Apple ID အဟောင်း Sign In လုပ်ထားရင် Sign out လုပ်ပါ
-Sign out လုပ်ပြီးလျှင် အောက်ပါပုံအတိုင်း iTunes အောက်ဆုံးနားမှာ Change Countries ကို Clickပြီးမိမိနှစ်သက်ရာကိုချိန်း ပေးလိုက်ပါ၊ US ကိုရွေးပေးရင်တော့ပိုကောင်းပါတယ် ဘာဖြစ်လို့လဲဆိုတော့ App Store မှာ App တစ်ခု ထွက် US အတွက် အရင်တင်ပေးလို့ပါ ပြီးရင်တော့
-ပြီးရင်တော့ Free Appilication or Game ကို download လုပ်လိုက်ပါ Apple ID တောင်းလာပါမယ် အဲမှာCreate Apple ID ဆိုတာကို Click လိုက်ပါ။ မှတ်ချက်။ ။ (***ဒီအဆင့်သည် Free Apple ID လုပ်ဖို့ အတွက်အရေးကြီးဆုံး အဆင့်ဖြစ်သည် ဒီလိုမလုပ်ရင်တော့ Paymethod မှာ None ဆိုတာပေါ်လာမှာမဟုတ်ဘူး***)
-Welcome to iTunes ဆိုတာပေါ်လာရင် Continue ကိုနှိပ်ပါ
-နောက်တဆင့်မှာတော့ I have read and agree....... အဲဒါလေးကို mark လုပ်ပြီး Agree နှိပ်လိုက်ပါ
-ဒီအဆင့်မှာတော့ Email ထည့်ရပါမယ် ပုံမှာInsert First Email လိုပြထားတဲ့ဆီမှာတော့ Apple ID ဖြစ်စေချင်တဲ့ Email ကိုထည့်ပါ၊ Password ကိုတော့ Upper Case, Lower Case နဲ့ Numbers တွေပါရပါမယ် Security Question တွေကတော့ ကြိုက်တဲ့ မေးခွန်းရွေးပြီး abcd ပေးထားပါ နောက်တစ်ခုဆိုရင်တော့ efgh ဆိုပြီးပြောင်းပြီးပေးပါ အဖြေတွေတူနေလို့မရပါဘူး မှတ်မိရအောင် abcd နဲ့ ဒီလိုလုပ်ခိုင်းတာပါ၊ မှတ်မိမယ်ဆိုရင်တော့ မိမိစိတ်ကြိုက် ဖြေပေးလို့ရပါတယ်
-Rescue Email မှာ နောက် Email တစ်ခုကိုထည့်ပေးလိုက်ပါ၊ Birthday Date ကိုတော့ ၁၉၉၄ နောက်ပိုင်းမွေးတဲ့သူတွေကတော့ ၁၉၉၀ လို့ထည့်ပါ၊ App Store မှာ အချို့App တွေdownload လုပ်ရင် Age Verify စစ်လို့ပါ ၊၁၈ နှစ်နဲ့ အထက်ရှိမှရမှာပါ။ ဥပမာ-MomentCam ဆိုတဲ့ Photo Editing App မျိုးပေါ့ (ကြော်ငြာဝင်တာပါ) Heehee :)
-ပြီးရင် Continue နှိပ်ပါ
-နောက်တစ်ဆင့်မှာတော့ Paymethod ကို None လို့ထားပါ ၊
-နာမည်ထည့်ရမည့်နေရာမှာ Mr./Mrs. ကြိုက်တာထည့်လို့ရပါတယ်။ ကိုယ့်ကြိုက်တဲ့ နာမည်တွေ ထည့်လို့ ရပါတယ။် ထည့်တဲ့ အခါမှ သတိထားရမှာ Phone နေရာမှ ဒီလိုလေး ထည့်ပေးပါ 466-8831 အဲလိုမျိုးထည့်ပေးပါ၊ 4668831 အဲလိုမျိုးမထည့်ပေးပါနဲ့ သိပြီးတဲ့ သူများကတော့ ကျော်သွားနိုင်ပါသည်၊ မသိသေးတဲ့ သူများအတွက်ပါ ခင်ဗျာ နမူနာ ၂ခု လုပ်ပြထားပါတယ် အဆင်ပြေပါတယ် အဆင်မပြေပါက ဆက်သွယ်နိုင်ပါသည်။
soeheins.net@outlook.com ၊ Facebook မှာဆိုရင်တော့ www.facebook.com/soeheins ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်
Street >> 1828 Roosevelt Street
Apt,suite,blog နေရာမှာ ဘာမှ မထည့်ရပါဘူး
City >> San Francisco
State >> CA
Zip >> 94107
Area code>> 415
Phone >> 466-8831
Street >>1789 Garfield Road
Apt,suite,blog နေရာမှာ ဘာမှ မထည့်ရပါဘူး
City >>Bartonville
State >>IL
Zip >>61607
Area code >>309
Phone >>697-6950
-ပြီးရင် Create Apple ID နှိပ်ပါ
-နောက်တစ်ဆင့်မှာ Verification လုပ်ဖို့ ok ကိုနှိပ်လိုက်ပါ
-Account verify လုပ်ဖို့ မိမိ Emailထဲကိုသွားပြီး apple ကပို့ထားတဲ့ verify mailထဲဝင်ပြီး verify Now
ကိုနှိပ်ပေးလိုက်ပါ။
-Sign in to verify ဆိုပြီး website ထဲရောက်လာပါမယ် ခုနကထည့်ခဲ့သော email နဲ့ Password ဖြင့် Sign In လုပ်ပါ။ Email Address Verified လိုပြရင် Account ရပါပြီး Return to Store ကိုနှိပ်လိုက်ပါ ခဏစောင့်ပါ၊ PC iTunes ထဲတွင် Sign Inလုပ်ပြီးသားဖြစ်သွားပါပြီး
-ကဲ ဒါဆို free Apple ID ကို မိမိကိုယ်တိုင် ဖန်တီးနိုင်ပြီပေါ့ ၊
-Dollar နဲ့ App downlaod လုပ်ချင်ရင်တော့ iTunes Gift Card နဲ့ ငွေဖြည့်ရမှာဖြစ်ပါတယ် Phone ငွေဖြည့်card လို ဖြည့်ရမှာပါ ၊ ဖြည့်နည်းကတော့ card မှာရေးထားပါတယ် ။ Mobile အရောင်းဆိုင်တွေမှာ iTunes Card ကို ၀ယ်လို့ရပါတယ်၊
-အဆင်ပြေစွာ ဖန်တီးနိုင်ပါစေ
Thank for reading
Postရေးသားသူ - Soe Hein Htet
No comments:
Post a Comment